လယ်ဝေး ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အင်ဘုအခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ပြပွဲကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အာဇာနည်စိတ်ဓာတ်၊ အာဇာနည်နေ့ သမိုင်းအကျဉ်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိတို့ကို အသိပညာပေး ဟောပြောသည်။ ထို့နောက် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)