လေးမျက်နှာ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်သော်မောင်က လူမှုရေးပင်စင်များကို အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်သော်မောင်တို့က ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခဲ့သည်။ လူမှုရေးပင်စင်များကို အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား(၉၆၅)ဦးအား ငွေကျပ်(၂၈၉၅၀၀၀၀)သိန်းကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီအရာရှိ ဒေါ်ခိုင်ခိုင်သော်မောင် နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)