ချမ်းမြသာစည်မြို့နယ်၊အမှတ် (၃၀) အ.ထ.က တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား

ချမ်းမြသာစည် ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၉:၃၀ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကိုကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အမှာစကားပြောကြားပြီးနောက် လူငယ်ရေးရာ ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး Physical Fitness Dance နှင့်တိုက်ကွမ်ဒို သရုပ်ပြသခြင်းများကိုပြသ ဆောင်ရွက်ခဲ့ကြပြီးနောက် တာ၀န်ရှိသူများကအမှတ် (၃၀) အ.ထ.က သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊လူငယ်ရေးရာ ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ (ချမ်းစည်)