ပင်လောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး ပြုလုပ်

ပင်လောင်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ဘက်စုံးသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သက်ဆိုင်ရာဌာနများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး​ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်နှင့် ဗိုလ်ညီညီမင်းတို့က နယ်​မြေလုံးခြုံရေးဆိုင်ရာ အကြောင်းများကို ရှင်းလင်းပြောကြသည်။

ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က မိမိတို့ဌာန ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)