ဆီဆိုင်မြို့နယ်၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း

ဆီဆိုင် ဇူလိုင်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများက ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်းတယကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီမှူး ဦးထျာရယ်က VDP စီမံကိန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံများက ကော်မတီဝင်များအား လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို နိုင်ငံတော်မှပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၅၀) ဖြင့် ပြည်သူထည့်ဝင်ငွေများအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)