အုတ်တွင်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ယနေ့ မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက်အာဇာ နည်နေ့အကြောင်းအသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင် မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအချိန် ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းပြဆရာဦးဘုန်းမြင့်ကိုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ကိုးဦး၏ သမိုင်းအကျဥ်းအားရှင်းလင်းဆွေးနွေးပြောကြား၍ ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဖြေကြားခဲ့ကြသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများကိုစာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)