မိုင်းလုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တိုက်နယ်ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ မိုင်းလုံမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်း သေဆေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ခန္တီရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ကြသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လိုက်လံဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းတာဝန်ခံနှင့် မီးသတ် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အထက်ရပ်ကွက်အတွင်း၊ နေအိမ်များရှိ အုတ်ကန်၊ ရေစည်၊ ရေထည့်သည့်ခွက်၊ ရေအိုးများအတွင်းသို့ ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားခြင်း ရှိ/မရှိ၊ တိုက်ချွတ်ဆေးကြောခြင်း ရှိ/မရှိ၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တိုက်ချွတ်ဆေးကြောခြင်း၊ ရေလဲခြင်း၊ အုတ်ရေကန်ကြီးများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းတွေရှိပါ ပိုးလောက်လမ်းသေဆေး (Abate)ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ကြပြီး၊ မြို့အတွင်းရှိ ကျန်ရှိရပ်ကွက်များတွင်လည်း နေ့ရက်အလိုက်ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ သိရှိရသည်။
ဇော်ဇော်(ပြန်/ဆက်)