တောင်တွင်းကြီး ဇူလိုင် ၁၃
တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဗိဿနိုးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်က ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ဗိဿနိုး)