ကျွန်းစု ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား/သူများအား ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ကျွန်းစု ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အား ပထမအကြိမ် ထိုးနှံခြင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၍ ၆ လ နှင့်အထက် ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၅၀၀) ဦးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထက်မြင့်