လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက် ခြင်းနှင့် ကျန်းမာရေးလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်းကို အမှတ်(၇)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ ပိတောက်မြိုင်စျေးအတွင်းရှိ စျေးသူ၊စျေးသားများအား ယနေ့နံနက်(၉)နာရီ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်နိုင်ရန်တို့အတွက် ခြင်ခိုအောင်းနိုင်သော နေရာများဖြစ်သည့် ရေပုံး၊ ရေခွက်၊ ရေတွင်း၊ ရေကန်နှင့် ရေဝပ်သည့်နေရာများ၌ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Mask များဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများတို့ပူးပေါင်း၍ ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)