မိတ္ထီလာ ဇူလိုင် ၁၃
မိတ္ထီလာတက္ကသိုလ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင် ဂုဏ်ပြုပွဲ၊ ထူးချွန်ဆုနှင့် ဆရာဆရာများနှင့် ဝန်ထမ်းများ၏ သားသမီး ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။ ထိုသို့ အဖွင့်အမှာစကား ပြောကြားရာတွင် မိတ္ထီလာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကို ပညာသင်နှစ်အလိုက် နှစ်စဉ်ထုတ်ဝေသွားရန် စီစဉ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသော်လည်း ထုတ်ဝေနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်၌ တက္ကသိုလ်၏ မှတ်တမ်းမှတ်ရာ သမိုင်းအကြောင်းများကို ပြန်လည်ရှာဖွေသည့်အခါ မိတ္ထီလာတက္ကသိုလ်၏ နှစ်လည်မဂ္ဂဇင်းများက အထောက်အကူ များစွာရှိမည်ဖြစ်ကြောင်း၊ နှစ်လည်မဂ္ဂဇင်း ထုတ်ဝေခြင်းဖြင့် စာပေဝါသနာရှင် ဆရာဆရာမများနှင့် ကျောင်း သူကျောင်းသူများသည်လည်း မိမိတို့၏ ကလောင်စွမ်းရည်ကို ပါဝင်ရေးသာပြသနိုင်သော အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ ဂုဏ်ပြုပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအား ကျင်းပရာ ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ သားသမီး ၂ဝ၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသူကျောင်းသားများ၊ မိတ္ထီလာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းဖြစ် မြောက်ရေးကော်မတီဝင်များ၊ စာမူရှင်များ၊ မိတ္ထီလာတက္ကသိုလ်၏ သုတေသနစာတမ်းဖတ်ပွဲများတွင် စာတမ်းဖတ်ကြားခဲ့သော စာတမ်းရှင်များ၊ ၂ဝ၂၃ခုနှစ် ပြည်ထောင်စု နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသူကျောင်းသားများအား ပါမောက္ခချုပ်ဒေါက်တာ ဘဟန်နှင့် တာဝန်ရှိသူများက အမှတ်တရ ဂုဏ်လက်ဆောင်များနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ချမ်းသာ