သတင်းများ

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေ ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးသည့် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပွင့်ဖြူမြို့နယ် တပ်မတော်ဝါစိုက်ပျိုးရေး တပ်ဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အခြေခံမိသားစုများအား ပထမအကြိမ် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားအသုံးဆောင်ပစ္စည်းထောက်ပံ့လှူဒါန်း
Jul 16,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်ပြီး အခြေခံမိသားစုဝင်များအား ပထမကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆားစသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများကို ဇူလိုင်လ(၁၄) ရက်နေ့ နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ သုံးခွမြို့၌ ကျင်းပ
Jul 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်  သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (၂)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့တွင် ဒေသထွက် ရာသီစာ တပင်ဝါးမျှစ်ရောင်းချသူများ အဆင်ပြေ
Jul 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒေသထွက်ရာသီစာ တပင်ဝါးမျှစ်ရောင်းချသူများ အရောင်းအဝယ်ကောင်း၍ အဆင်ပြေလျက်ရှိကြောင်း တပင်ဝါးမျှစ် ရောင်းချသူများ ထံမှသိရသည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများ တွံတေးမြို့နယ်၌ ကျင်းပပြုလုပ်
Jul 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ များကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တွံတေးမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Jul 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (ဧကာဒသမ)အကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာ၀ ပတ်၀န်းကျင် သာယာလှပစေရေးတို့အတွက်    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့်  သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို အောင်ပန်းစိန် ဇောတိက ဩဘာညွှန့် ကားလမ်းမဘေးတွင် ဇူလိုင်လ ၁၃ နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာတွင် ဒေသဖွံ့ဖြိုး‌ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jul 15,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီခွဲက ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။