မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အခြေခံမိသားစုများအား ပထမအကြိမ် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားအသုံးဆောင်ပစ္စည်းထောက်ပံ့လှူဒါန်း

မဟာအောင်မြေ ဇူလိုင်  ၁၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်ပြီး အခြေခံမိသားစုဝင်များအား ပထမကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆားစသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများကို ဇူလိုင်လ(၁၄) ရက်နေ့ နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

‌ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးတင်မြင့်ဦးက  ရပ်ကွက်နေပြည်သူများအား စားဝတ်‌နေရေးအခက်အခဲမရှိ အဆင်ပြေနိုင်စေရန် ရည်ရွယ်၍ ထောက်ပံ့လှူဒါန်းပေးရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး အခြေခံမိသားစု (၃၆)စုအား ငွေကျပ်(၅၀၀၀)နှင့် ဆန်(၂) ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်၊ အိုင်အိုဒင်းဆား စသည့် ပစ္စည်း(၅)မျိုးတို့အား ပထမအကြိမ်အဖြစ်ထောက်ပံ့လှူဒါန်းပြီး လစဉ် အိမ်ထောင်စုအလှည့်ကျပေးအပ် ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြောင်း သိရသည်။

ရွှေတိုး