တမူးမြို့တွင် ဒေသထွက် ရာသီစာ တပင်ဝါးမျှစ်ရောင်းချသူများ အဆင်ပြေ

တမူး ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒေသထွက်ရာသီစာ တပင်ဝါးမျှစ်ရောင်းချသူများ အရောင်းအဝယ်ကောင်း၍ အဆင်ပြေလျက်ရှိကြောင်း တပင်ဝါးမျှစ် ရောင်းချသူများ ထံမှသိရသည်။

"ယခင်နှစ်ကထက် ဒီနှစ်က ပိုအဆင်ပြေတယ်လို့ ပြောရမှာဘဲ မျှစ်လဲပိုပေါတယ် ဒေသခံတွေ ကလဲ ဒေသထွက်မျှစ်ကို နှက်ခြိုက်စွာ ဝယ်ယူစားသုံးကြတာကြောင့် ရောင်းကောင်းပါတယ် မိုးရွာတဲ့ရက်တွေဆိုရင်တော့ အရောင်းပါးတာပ မျှစ်ချိုးရောင်းချတဲ့သူတွေဆီက ၁၀၀၀ ကျပ်ဖြင့် မျှစ်အ​သေးဆိုလျင် (၁၀) ဖူး၊ အကြီးဆိုလျင် (၈)ဖူး နုန်းဖြင့်ဝယ်ပြီး ပြန်ရောင်းတော့ အသေး (၇)ဖူး၊ အကြီး (၅)ဖူးဖြင့် ရောင်းတာ တစ်ရက်ကို အနဲဆုံး ရှစ်ထောင်၊ ကိုးထောင်လောက်တော့ အမြတ်ကျန်ပါတယ် မဆိုးပါဘူး မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ​ဖြစ်ပါတယ်လို့ "မျှစ်ရောင်းချသူ တစ်ဦး မှပြောသည်။

အဆိုပါ တပင်ဝါးမျှစ်များသည် မိုးဥကျကာလတွင် စတင်ထွက်ရှိကာ ဇူလိုင်လတွင် အများဆုံး ထွက်ရှိကြောင်း၊ သဘာဝအလျောက်ပေါက်ပြီး ကျန်းမာရေးနှင့် ညီညွက်၍ လတ်ဆတ်စွာ စားသုံးရတာကြောင့် ဒေသနေပြည်သူများ နှစ်ခြိုက်စွာစားသုံးကြကြောင်း၊ စားသုံးသူများမှ မျှစ်များများ ပေါ်ချိန်တွင် မျှစ်ချဥ်ပြုလုပ်ခြင်း အခြောက်လှန်း၍ သိုလှောင်ထားခြင်းများဖြင့် တစ်နှစ်ပတ်လုံး တာရှည်စွာ စားသုံးနိုင်ရန် အတွက်သိုလှောင်ထားကြောင်း သိရသည်။

ရတနာ