တွံတေး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ များကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသက်ဦးက (၇၆)နှစ်မြောက်အာဇာနည်နေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ယင်းနောက်အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲအား ကျင်းပရာ ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွဲ(၃၁)အမှတ်(၂)တေဇရုပ်စုံစာအုပ်မှ ကဗျာဆရာမောင်သျှင်ပြေ(ပုသိမ်) ရေးသားသည့် တေဇဇာနည်ကဗျာအား ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ကြရာ ပထမဆုကို Grade- 8 မှ မောင်လင်းမြတ်အောင်၊ ဒုတိယဆုကို Grade-8 မှ မဆုရွှေရည်ဝင်း၊ တတိယဆုကိုGrade-8 မှ မဖူးပြည့်စုံတို့က ဆုများအသီးသီး ရရှိပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ် ဖြူဖြူဝင်းနှင့်တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက်အာဇာနည်နေ့နှင့်ပတ်သက်သောနံရံကပ် စာစောင်များ၊မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား