သုံးခွ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာ၀ ပတ်၀န်းကျင် သာယာလှပစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို အောင်ပန်းစိန် ဇောတိက ဩဘာညွှန့် ကားလမ်းမဘေးတွင် ဇူလိုင်လ ၁၃ နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သီးပင်စားပင်၊ အရိပ်ရအပင်များကို စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်း သဘာ၀ ဘေးအန္တရာယ်ကာကွယ်နိုင်ခြင်း၊ ရေဝေရေလွှဲများ ထိန်းသိမ်းရာရောက်ပြီး ရာသီဥတုကိုပါ ထိန်းညှိပေးနိုင်ခြင်း၊ မျက်စိပသာဒရရှိခြင်း၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေလှပစေရန် အုန်းပင်(၆၀၀)ပင်ကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူးလင်းမောင်သက်၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အောင်ပန်းစိန်- ဇောတိက- ဩဘာ ညွှန်ကားလမ်းတစ်လျှောက် အုန်းပင် (၆၀၀)ပင် တို့အား စုပေါင်းသစ်ပင် စိုက်ပျိုးကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်