ဆင်ပေါင်ဝဲမြို့၌ မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု၍ စုပေါင်းစိုက်ပျိုး
Jul 16,2023
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဉာဏ်လင်းအောင်နှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သား များသည် ယမန်နေ့နံနက်(၈)နာရီက ကြာအင်းကျေးရွာ တောင်သူဦးမြင့်ဆွေ စိုက်ပျိုးနေသော မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် (Super leaf Napier) (၀.၅)ဧကတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုစနစ်များကို အသိပညာပေး ပြောကြားခဲ့ကြသည်။