လယ်ဝေး ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီခွဲက ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်သူများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမှု၊ အခြားသီးနှံများစိုက်ပျိုးမှုနှင့် မိုးစပါးစိုက်ပျိုးမည့် အစီအစဥ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)