မြို့သစ် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဇူလိုင်လ ၁၃ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲ မစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ ပြိုင်ပွဲအမှတ် ပေးစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းမှ (Grade–4၊ Grade–5) ကျောင်းသားကျောင်းသူ(၁၃)ဦးက ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ “ မမေ့နိုင် ယနေ့တိုင်” ကဗျာဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အခြေခံပညာမူလတန်အဆင့် (Grade – 4 ၊ Grade – 5) ကျောင်းသားကျောင်းသူ (၃၂)ဦးက “အာဇာနည်နေ့ အစဉ်မမေ့” ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသားကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဆရာ/ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)