ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ခုနှစ်ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်က မြို့နယ်ဘောလုံးကွင်း အနီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နေပြည်တော် ဆက်သွယ်ရေးဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးအောင်ဖြိုးမြတ်နှင့် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးတို့က ပျိုးပင်များပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော် ဆက်သွယ်ရေးဦးစီးဌာန တိုင်းမန်နေဂျာ ဦးအောင်ဖြိုးမြတ်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုး၊  ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ၊ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ‌စုစုပေါင်းအင်အား ၂၅၀ဦးခန့် စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ မိုးခေါင်ရေရှားမှု မဖြစ်‌ပေါ်စေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ် စေရန်ရည်ရွယ်၍    မဟော်ဂနီ၊ ကျွန်း၊ တမာ၊ ခရေ၊ စိန်ပန်း၊ ယင်းမာ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ ငုရွှေဝါ နှင့် ပိတောက် စသည့် ပျိုးပင်ပေါင်း(၁၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)