စလင်းမြို့နယ်တွင်  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား

စလင်း  ဇူလိုင်  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ်တွင်  မြို့နယ်အတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များအား  စလင်းမြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး  စီမံကိန်း ကြီးကြပ်မှုကော်မတီမှ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ(၁၄)ရက်နေ့လယ် (၁)နာရီ၄၅အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင်  ကျင်းပပြုလုပ်လဲ့သည်။

ရှေးဦးစွာ  စလင်းမြို့နယ်  နိုင်ငံစီးပွားမြှင့်တင်ရေး  စီမံကိန်းကြီးကြပ်မှုကော်မတီ  ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စာချုပ်ပါစည်းကမ်းချက်များ အား အလေးထားလိုက်နာ စေလိုကြောင်း ချေးငွေရရှိမှုအပေါ် မူတည်၍လုပ်ငန်းများတွင်ချေးငွေအားအသုံးပြု၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက် လုပ်ကိုင်ကြစေလိုကြောင်းနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်၊ ထို့နောက်  ချေးငွေထုတ်ပေးခြင်း   ခံရသူများအား ချေးငွေများကို  အသီးသီးလက်မှတ်ရေးထိုး၍ ပေးအပ်ခဲ့သည်။

စလင်းမြို့နယ်  နိုင်ငံစီးပွားမြှင့်တင်ရေး   စီမံကိန်းကြီးကြပ်မှု ကော်မတီအနေဖြင့်ဆောင်ရွက်ရမည့်လုပ်ငန်း အမျိုးအစား(၃)မျိုးမှ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်မည့် ရပ်ကွက်နှင့်ကျေးရွာ ဖအုပ်စု (၁၇)အုပ်စုမှ လုပ်ငန်းရှင် (၄၁၀)ဦးအတွက် ချေးငွေကျပ်(၂၁၅.၄၂၅)သိန်းအား  ချေးငွေ သက်တမ်း  (၁)နှစ်တွင်လျာထား  အတိုးနှုန်း(၀.၇၀)ဖြင့်လည်းကောင်း  မွေးမြူရေးလုပ်ငန်းမှ   ကျေးရွာအုပ်စု(၆)အုပ်စု   လုပ်ငန်းရှင်(၆)ဦးအတွက် ချေးငွေကျပ်(၄.၉၅၀)သိန်းအား  ငါးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းမှ ရပ်ကွက်ကျေးရွာအုပ်စု (၅)အုပ်စုမှ လုပ်ငန်းရှင် (၇)ဦးအတွက်   (၂၀၅.၀၀)ကျပ်သိန်းတို့အား    ချေးငွေများထုတ်ချေးပေးခဲ့ပြီး   အတိုးနှုန်းများကို(၆)လလျင် (၁)ကြိမ် သတ်မှတ် ကောက် ခံသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်(၄၂၃)ဦးတို့အတွက်ချေးငွေ  စုစုပေါင်း (၄၂၅.၃၇၅)ကျပ်သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း