ဆင်ပေါင်ဝဲမြို့၌ မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု၍ စုပေါင်းစိုက်ပျိုး

ဆင်ပေါင်ဝဲ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဉာဏ်လင်းအောင်နှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာ‌ရေး လုပ်သား များသည်  ယမန်နေ့နံနက်(၈)နာရီက ကြာအင်းကျေးရွာ တောင်သူဦးမြင့်ဆွေ စိုက်ပျိုးနေသော မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် (Super leaf Napier) (၀.၅)ဧကတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုစနစ်များကို အသိပညာပေး ပြောကြားခဲ့ကြသည်။

ယခုလို စိုက်ပျိုးခြင်းအားဖြင့် ကျွဲ၊နွား မွေးမြူရေးလုပ်ငန်းများအတွက် အဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သည့် အဆိုပါနေဗီယာ (Super leaf Napier) မြက်ကို စနစ်တကျ စိုက်ပျိုး၍ တိရစ္ဆာန်များကို ကျွေးမွေးခြင်းသည် မိရိုးဖလာသဘာဝမြက်များကို ကျွေးမွေးခြင်း ထက်တိရစ္ဆာန်များ အဟာရပြည့်ဝစွာရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစွာဖြင့် မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာပြီး အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန်များရရှိ လာစေရန်ရည်ရွယ်၍ စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးဌာနမှူး ဒေါက်တာဉာဏ်လင်း‌အောင်ထံက သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)