ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆလုံတိုင်းရင်းသားများအား ဆီနှင့်ဆန်များ ထောက်ပံ့ပေးအပ်

ကော့သောင်း ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းမြို့နယ်အတွင်းရှိ ပင်လယ်ပျော်(မော်ကင်း) ဆလုံတိုင်းရင်းသားလူမျိုးများအား ဆီနှင့်ဆန်များ ထောက်ပံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ မဥ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ   အဆိုပါအခမ်းအနားသို့     တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲ၊  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှ   တာဝန်ရှိသူများ၊ ဒေသခံဆလုံ(မော်ကင်း) တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ဆလုံလူမျိုးများ၏   လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်  အခြားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးရေးအတွက်   နှစ်စဉ်ပို၍ပို၍ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားတိုင်းရင်းသားများနည်းတူ ပညာတတ်ဆလုံလူမျိုးများ ပေါ်ထွက်လာရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်ကြသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်လည်း ဆလုံတိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  နှစ်စဉ်လိုအပ်ချက်များကို  ပိုမိုပံ့ပိုးကူညီနိုင်ရေး     ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း အမှာစကားပြောကြား ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မကြုံကလက်၊ ဇာဒက်ကြီး၊ ညောင်ဝိနှင့် ဂျလန်းစသည့် ဆလုံကျွန်းရွာများမှ တိုင်းရင်းသားများအတွက် ဆန် (၁၂) ပြည် အိတ် (၁၀၀) အိတ်နှင့်  ဆီ (၁၀) ပိဿာ ပုံး (၃၀) ပုံးအား ထောက်ပံ့  ပေးအပ်ခဲ့ကြရာ တက်ရောက်လာကြသော ဆလုံတိုင်းရင်းသားများကလက်ခံခဲ့ကြပြီး တက်ရောက်လာကြသော ဆလုံတိုင်းရင်းသားများက  လက်ခံခဲ့ကြပြီး      ဒေသခံဆလုံတိုင်းရင်းသားတစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိမိတို့ဆလုံတိုင်းရင်းသားများအား လုပ်ငန်းသုံးပစ္စည်းများ၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့်  ယခုကဲ့သို့  စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်မှုအတွက်များစွာ ဝမ်းမြောက်ပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)