သတင်းများ

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေး‌ကော်မတီက ကွင်းသာယာကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေး
Jul 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေး‌ကော်မတီက အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း (အပိုင်း-၁) နှင့် (အပိုင်း-၂) အား ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။
ချမ်းအေးသာစံမြို့နယ် အ.ထ.က- ၂တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ
Jul 17,2023
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပေါင်းတည်၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရိလမ်းခင်း
Jul 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊စျေး(၂)ရပ်ကွက်အတွင်းရှိ ပေ၁၁၆၃ ရှည်လျားသော၁၁လမ်းအား ၂၀၂၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 17,2023
မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေ ခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁နာရီက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန၊ (Community-Centre)ခန်းမ ၌ ကျင်းပသည်။
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 17,2023
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ(၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းအဆင့် သီချင်းဆိုပြိုင်ပွဲကျင်းပ
Jul 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် သီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်
Jul 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ချက် အောင်မြင်တိုးတက်စေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။