ပေါင်းတည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊စျေး(၂)ရပ်ကွက်အတွင်းရှိ ပေ၁၁၆၃ ရှည်လျားသော၁၁လမ်းအား ၂၀၂၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းကို အဖွဲ့ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၇၀.၉၃၆၁ သန်းဖြင့် ကောင်းထက်သန့်ကုမ္ပဏီ၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်ခင်ကျော်(BE.Civil)က တာဝန်ယူဖောက်လုပ်လျက်ရှိကြောင်း၊ လမ်းအရှည် ၁၁၆၃ပေ၊ လမ်းအကျယ် ၁၂ ပေနှင့် အမြင့်၈လက်မရှိမည့် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့တွင်းလမ်းဖြစ်ကြောင်းသိရသည်။ ယနေ့တွင် လုပ်ငန်း၏၁၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)