သတင်းများ

ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်းဆောင်ရွက်
Jul 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် လမ်း(မြေသားခင်းခြင်းအပိုင်း၊ ကျောက်ရောမြေခင်းခြင်းအပိုင်းနှင့် Pipe Culvert) လုပ်ငန်းအားသမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဇွန်လပထမအပတ်ကစတင် ဆောင်ရွက်နေလျက်ရှိကြောင်း  သိရသည်။
နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 17,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကမမောင်းမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 17,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 17,2023
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာင် ဓာတ်ပုံပြပွဲကျင်းပ
Jul 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာင် ဓာတ်ပုံပြသပွဲကိုခရမ်း မြို့နယ်အမှတ် (၁) အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံ
Jul 17,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဉီးတည်အုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jul 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်လျက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံက် (၉:၃၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။