တပ်ကုန်း ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် သီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားခဲ့ပြီးနောက် ဘုရင့်နောင် ရပ်ကွက်၊ ရွှေရောင်အနာဂတ်(Golden Future)ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က တေးသံရှင် မေလှမြိုင် သီဆိုထားသည့် “အလေးပြုပါတယ်” သီချင်းဖြင့် ပါဝင်ယှဉ်ပြိုင် ပြီး၊ ပြိုင်ပွဲတွင် ဒိုင်အဖြစ် မြို့နယ်အမျိုးသမီးအဖွဲ့(Woman Club)ဥက္ကဋ္ဌဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ မြို့နယ်ဂီတအစည်းအရုံအဖွဲ့နာယက ဦးတင်လွန်း၊ မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)တို့က ဆောင်ရွက်ခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရွှေရောင်အနာဂတ် (Golden Future)ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဒိုင်အဖြစ် ဆောင်ရွက်ပေးသူများကို ပိုစတာမှန်ကား လက်ဆောင်ပေးအပ်ကြောင်း သိရသည်။
တင်စိုးလွင်