သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ   ဇူလိုင်  ၁၇

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ(၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဥက္ကဋ္ဌ ဦးဖိုးရီအောင်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ၁/၂၀၂၃ လမှ ၆/၂၀၂၃ လထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ နာယက ဦးလှဟန်နှင့် ကော်မတီဝင်များက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှု အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အသိပညာပေးလုပ်ငန်းဆိုင်ရာများနှင့် ရံပုံငွေ ရှာဖွေစုဆောင်းထားရှိမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ထို့နောက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ကြပြီးဩဂုတ်လနှင့် စက်တင်ဘာလများတွင်ဆောင်ရွက်မည့် လုပ်ငန်းများကိုအတည်ပြုကြကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)