သတင်းများ

တိုက်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Jul 17,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၄ရက်နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည်။
ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jul 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီ
ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ရောင်းချ
Jul 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာ သော စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၇)နာရီခွဲအချိန်က ဖျာပုံမြို့ အမှတ်(၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
နမ့်စန်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jul 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က  ယနေ့ နံနက် ၁၀ နာရီ၌ မြို့မစည်ပင်သာယာ ဈေးအတွင်း ပုံမှန် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် တည်ဆောက်မည့် နာရီစင်အတွက် အလှူငွေပေးအပ်ပွဲကျင်းပ
Jul 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် အသစ်တည်ဆောက်မည့် နာရီစင်အတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကို  ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ ကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ် သံဃာ့နာ ယကအဖွဲ့ဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ ကြွရောက်တော်မူပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ နှင့်မြို့မိမြို့ဖများ တက်ရောက်ကြသည်။
နမ္မတူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအစီအမံများအား ရှင်းလင်းချပြခြင်းအခမ်းအနား ကျင်းပ
Jul 17,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအစီအမံများအား ရှင်းလင်းချပြခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျွန်းကုန်းကျေးရွာ ချမ်း‌မြေ့ဆန်စက်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မိုးစပါး)ဖြင့် တောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာ ချမ်းမြေ့ဆန်စက်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မိုးစပါး) ဖြင့် တောင်သူများသို့ သွင်းအားစု ဓာတ်မြေ ဩဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။