ချမ်းအေးသာစံမြို့နယ် အ.ထ.က- ၂တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ  ဇူလိုင် ၁

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါမှ  ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်း အရာများအား ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့​ပြီးနောက်  အာဇာနည် နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့​သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါ၊ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်