မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယု ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ချက် အောင်မြင်တိုးတက်စေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွှတ်မှုဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း ဥပဒေများနှင့် လိုက်နာရန်အချက်များအား ပြောကြားခဲ့သည်။

ထို့နောက် “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ”စာအုပ်မှ အခန်း(၈) ခွင့်ခံစားခြင်း၊ အခန်း(၉) ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များ စသည့်အကြောင်းအရာများကို တစ်ဦးချင်းအလိုက် ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေဝင်း