ကျိုက်မရောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုက်မရော ဇူလိုင်  ၁၇

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေ ခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁နာရီက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန၊ (Community-Centre)ခန်းမ ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ် မြတ်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် သိကောင်းစရာများကိုလည်းကောင်း ကျောင်းအုပ်ဆရာ မကြီးဒေါ်မိမိက လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ကြသော   အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် အာဇာနည်နေ့နှင့်ပတ်သက်သော ဓာတ်ပုံများ၊ စာအုပ်များနှင့်နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ ဆက်)