သာပေါင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေးကော်မတီက အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း (အပိုင်း-၁) နှင့် (အပိုင်း-၂) အား ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုငွေ (၃၁.၅၄၆) ကျပ်သန်းဖြင့် အပိုင်း(၁)(၃၃၀ ပေx ၁၂ ပေ x ၈ လက်မ)၊ အပိုင်း(၂)(၄၀၀ ပေx ၁၂ ပေx ၈ လက်မ) ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ အင်ဂျင်နီယာအဖွဲ့နှင့် စည်ပင်ဝန်ထမ်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ပြည့်မီ၍ အချိန်မီပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများ အလေအလွင့်ပျက်စီးမှုမရှိရေး၊ လမ်းပုခုံးမြေသား ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့်ထိန်းသိမ်းရေးတို့ကို မှာကြားခဲ့ပြီး သတ်မှတ်ရက်အမီ ပြီးစီးရေး စည်ပင် သာယာရေးကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်