ခန္တီး ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်နန်းအေးခိုင်က ပြိုင်ပွဲပြုလုပ်ရချင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့် ကျောင်းသား /ကျောင်းသူလေးများက "ကြွက်ထောင်ချောက်"နှင့် "အနာခံမှအသာစံ" စသည့်ပုံပြင် (၂) ပုဒ်အနက် မဲနိုက်၍ ကျရာပုံပြင်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)