ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကြံခင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် ရရှိထားခြင်းမရှိသော စံမညီဆေးဝါးများ၊ ဓာတ်မြေဩဇာအတုများ၊ အချိုရည်အမျိုးမျိုးနှင့် ပြည်တွင်း၊ ပြည်ပမှတင်သွင်းဖြန့်ဖြူးသော ဆီအမျိုးမျိုးနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မှုများကို အသိပညာပေး ဟောပြောပါသည်။

ဟောပြောပွဲသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်မှ ပြည်သူများတတ်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)