ရေကြည် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ၊ ရေကြည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေကြည်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စားသောက်ကုန်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေးအတွက် ရေကြည်မြို့ နေဝင်းရပ်ကွက်ရဲစခန်းလမ်းတွင် အခွန်လွတ်ဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
အဆိုပါ အခွန်လွတ်ဈေးတွင် ကြက်သား၊ဝက်သားငါးနှင့် အမဲသား စသည့် သားငါးဈေးတန်း၊ ဆန်၊ ဆီ၊ ကြက်သွန်နီ၊အချိုမှုန့်၊ငရုပ်သီးမှုန့်စသည့် ကုန်ခြောက် ဈေးတန်းနှင့် ကန်စွန်းရွက် ၊ သခွားသီး၊ စသည့်ကုန်စိမ်းတန်းတို့အား ဖွင့်လှစ်ရောင်းချလျက်ရှိပြီး၊ အခွန်လွတ်ဈေးကို နှစ်ပတ်တစ်ကြိမ် နံနက်(၆)နာရီခွဲမှ နံနက်(၉)နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)