သတင်းများ

တမူးမြို့တွင် ဒေသထွက်နာနတ်သီးများ ဈေးကောင်းရ၍ ရောင်းချသူများအဆင်ပြေ
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒေသထွက်ရာသီစာ သီးနှံဖြစ်သည့် နာနတ်သီးများ စတင် ခူးဆွတ်ရောင်းချနေကြပြီဖြစ်ပြီး ဈေးကောင်းရ၍ ရောင်းချသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစပ်ပြိုင်ပွဲကျင်းပ
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစပ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ ကူးစက်မြန် ဦးနှောက်အမှေးရောင်ရောဂါ မဖြစ်ပွားစေရေး လိုက်လံစစ်ဆေးပေး
Jul 18,2023
ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၅ နှစ်အောက် ကလေးများ ကူးစက်မြန် ဦးနှောက်အမှေးရောင်ရောဂါ မဖြစ်ပွားစေရေး လိုက်လံ စစ်ဆေးပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး Community Centre တွင် စာပေချစ်မြတ်နိုးသူအဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူအဖွဲ့မှ စာဖတ်ဝိုင်းကို ယနေ့နေ့လယ်(၁.၀၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့နယ် ဝိန်းနေကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးနယ်လှည့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဝိန်းနေကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေ့လယ်(၂)နာရီခွဲခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆဒုံးမြို့၊ ဆနာကျေးရွာတွင် ပဲတောင့်ရှည်တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 18,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ဆနာကျေးရွာတွင် တိုင်ထောင်ပဲတောင့်ရှည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ ကြောင်း သိရသည်၊၊
ဖားကန့်မြို့နယ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 18,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် အသက် (၅)နှစ်ပြည့် KG တန်း ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ် ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 18,2023
(၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်​​​​​​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။