ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ငပုတော ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့၌ ရောက်ရှိမည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်သန်းသန်းညိမ်းက “အာဇာနည်နေ့ အဓိဌာန် “ခေါင်းစဥ်ဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများ၊ နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ လွတ်လပ်ရေးကြိုးပမ်းခဲ့မှု၊ သမိုင်းဖြစ်စဥ်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီး အလယ်တန်းပြဆရာမ ဒေါ်စန်းစန်းမေက “အာဇာနည်နေ့ အကြောင်း သိကောင်းစရာ “ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)