လှိုင်းဘွဲ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ပြည်သူများအနေဖြင့် အာဇာနည်နေ့ကို အမြဲအောက်မေ့သတိရစေရန်၊အာဇာနည်တို့၏ လုပ်ဆောင်ချက်များ၊ လေးစားတန်ဖိုးထားရမည့် စိတ်ဓါတ်များကို သိရှိစေရန်အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တပ်ခွဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလင်းခိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး(အငြိမ်းစား)ဦးဌေးဝင်းတို့က အာဇာနည်ဆိုတာ သာမာန်လူတွေထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်ပြီး လူအများက စံသတ်မှတ်ခြင်းခံရသော အရည်အချင်းနှင့် ပြည့်ဝသူဖြစ်ခြင်း၊ ကိုယ့်အကျိုးကိုပင် ပဓာနမထားဘဲ အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကိုပင် စွန့်လွှတ်ဝံ့သော စိတ်ဓါတ်ရှိခြင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်(၉)ဦးတို့၏ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ အတုယူထိုက်သော ပရဟိတစိတ်ထားများ၊ နိုင်ငံတော်မှ အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အခမ်းအနားပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခြင်း၊ စာပေဟောပြောပွဲများ၊ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ စသည့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပြည်သူများအနေဖြင့် အာဇာနည်နေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ခြင်းတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)