မန့်ဟီးရိုးမြို့ရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

မန့်ဟီးရိုး ဇူလိုင်  ၁၈

လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ လူမှုရေးပင်စင်ထောက်ပံငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ အဘိုးအဘွားများကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က တစ်အိပ်တက်ဆင်း လက်ဝယ်အရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။

မန့်ဟီးရိုးမြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့်ကျေးရွာ(၁၆)ရွာ ရှိပြီး အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၁၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ပေးအပ်ထောက်ပံ့ပေးခဲ့ကာ စုစုပေါင်းလူမှုပင်စင်ထောက်ပံ့ငွေ(၅၇၀၀၀၀)ကျပ်အား အဘိုးအဘွားများထံသို့ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။

အဆိုပါပေးအပ်ထောက်ပံ့ရာတွင် မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင် ကြီးကြပ်ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များ၊ရပ်ကျေးစာရေးများနှင့် သက်ဆိုင်ရာကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြင့် အဘိုးအဘွားများထံ တစ်အိမ်တက်ဆင်း သွားရောက် ပေးအပ်ထောက်ပံ့ခဲ့ပြီး အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေများနှင့် လိုအပ် သည်များကို တရင်းတနှီး တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုး(ပြန်/ဆက်)