တန့်ယန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

တန့်ယန်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် သွေးလွန်တုပ်ကွေးရောဂါ အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်နန်းမြဦးက သွေးလွန်းတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ရွှေတန့်ယန်း Facebook Page မှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)