သတင်းများ

ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကိုကြိုးစားကြသလို ပြင်ပအသိပညာဗဟုသုတတိုးပွားရေးအတွက် ပြင်ပ စာပေများကိုပါလေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပုလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရှပ်ပုံကျေးရွာ မူလွန်-အဏ္ဏဝါကျောင်း ပြိုကျပျက်စီး
Jul 18,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ရှပ်ပုံကျေးရွာ (မူလွန်-အဏ္ဏဝါ)ကျောင်း ပြိုကျပျက်စီးသွားခဲ့သည်။
လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုကွင်း(၂၇၀-E)၊ လက်ဝဲဒက်မြောက် ကွင်းဦးပိုင်အမှတ်(၄၆)၌ စုပေါင်းထွန်ယက်ပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး
Jul 18,2023
ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းသည့် စုပေါင်းထွန်ယက်ပွဲကို ယနေ့နံနက်(၉)နာရီက လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၀-E)၊ လက်ဝဲဒက်မြောက်ကွင်း ဦးပိုင်အမှတ်(၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jul 18,2023
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဆောင်ရွက် (၇၆) မြောက် ဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Jul 18,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန့်နေ့ မွန်းလွဲ ၁ နာရီက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းပညာသရဖူခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ
Jul 18,2023
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာ အလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်ဟောပြောပွဲကျင်းပ
Jul 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့ အ.ထ.ကကျောင်းခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ဗျိုင်းအင်းကျေးရွာ၌ လေလက်မခွဲ စက်ရေတွင်း တူးဖော်ပေး
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဗျိုင်းအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လေးလက်မခွဲ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။