မူဆယ်မြို့၊ ဝါတွင်းကာလ (၄၄)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jul 26,2023
ဝါတွင်း(၃)လအချိန်အခါသမယတွင် ဗုဒ္ဓဘာသာတို့၏ဓလေ့ထုံးတမ်းအစဉ်အလာအရ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရွှေသမင်ကျောင်း၊ နန္ဒဝန်ဓမ္မာရုံတွင် ဇူလိုင်လ(၂၁)ရက်မှ စ၍ ဇူလိုင်လ (၂၅)ရက်နေ့ အထိ (၅)ရက်တိုင်တိုင် (၄၄)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ပါသည်။