သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်
Jul 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၇၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊  ဒုတိယဝါဆို လဆန်း(၉)ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ မကွေးတပ်နယ်မှူး၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၅၈)စုံအား စုပေါင်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက နည်းပညာတက္ကသိုလ် (ရမည်းသင်း) ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမဂ္ဂဇင်း (၂၀၂၂ ခုနှစ်) တွင် ပါဝင်သည့် စာရေး ဆရာများအား  ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
Jul 26,2023
တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်း (၂၀၂၂ ခုနှစ်) တွင် ပါဝင်သည့် စာရေးဆရာများအား  ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ကွတ်ခိုင်မြို့တွင် (၁၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတော် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် (၁၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတော် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နေ့လယ် (၁:၀၀)အချိန်က အမှတ်(၅) ရပ်ကွက်၊ ကေဝလမာရ်အောင် ပရိယတ္တိစာသင်တိုက်တွင် ကျင်းပကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 26,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇောပူဂျာကျေးရွာနှင့် မောင်နီပြင်ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။
မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ကောင်းမူး)တွင် ကျပ်သိန်း(၇၀)ကျော်တန်ဖိုးရှိ စာရေးခုံနှင့် ထိုင်ခုံများ လှူဒါန်း
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (ကောင်းမူး)တွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများ၊ မူဆယ်မြို့နယ်၊ ရုပ်/သံစက်ရုံမှူး ဦးစိုးမြင့်ဦး၊ ကမ်းလက်ကူညီပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များပါဝင်သော အလှူရှင်များသည် ကျောင်းသား/သူများအတွက် လိုအပ်နေသော စာရေးခုံနှင့်ထိုင်ခုံများကို သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ပင်းတယ၌ သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jul 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သီးနှံအခြေခံ ယို၊ ဖျော်ရည် အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက် ခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့  မိုးရာသီ ဒီ‌ရေတောသစ်ပင် စိုက်ပျိုးပွဲ တော်အခမ်းအနားတက်‌ရောက်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု
Jul 26,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ထိန်းသိမ်းရေးဒီရေတောအနီးတွင်ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ  ဒီရေတောသစ်ပင်စိုက်ပွဲပျိုးတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြို့သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးကြ သည်။