သတင်းများ

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data)ဆက်လက်ကောက်ယူ
Jul 26,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ (၂၆)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Jul 26,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီးသာသနာ့ဗိမာန်တော်၌ (၂၆)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းတက္ကသိုလ်၌ မီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်
Jul 26,2023
ရေနံချောင်းမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တာရာယ် အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ် နည်းလက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေနံချောင်း တက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လယ်ဝေးခရိုင်ဘဏ်ခွဲသို့ လာရောက်စစ်ဆေး
Jul 26,2023
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး(စာရင်းဌာန)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲတွင် လုပ်ငန်းဆောင်ရွက်နေမှုများအားလာ​ ရောက်ကြီးကြပ်စစ်ဆေးခဲ့သည်။
မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ မလှိုင်မြို့မ အားကစားကွင်းမြေနေရာ အသုံးပြုရန် မြေလွှဲလျှောက်ထားမှု ကွင်းဆင်းစစ်ဆေး
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇော်ဇော်ဦးနှင့်အဖွဲ့သည် ယမန်နေ့နေ့လည်(၁၂)နာရီ အချိန်က မြို့နယ် အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ များ လိုက်ပါလျက် မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အားကစားကွင်းနှင့် အားကစားရုံမြေနေရာ အသုံးပြုရန် မြေလွှဲအမှုတွဲလျှောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့ မြို့မဈေးကြီးတောင်ဘက် ကုန်သည်လမ်းမကြီးပေါ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ် ရောင်းဝယ်သူများက တန်းဖိုးသင့်တိုက်ရိုက် အရောင်းဆိုင်ဖွင့်လှစ်ကာ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက် ဈေးထက်သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါအောင်ကုမ္ပဏီများနှင့် မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
Jul 26,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများနှင့် မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး
Jul 26,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဘဏ်တွင် ထုတ်ချေးပေးလျက်ရှိသည်။