ဗန်းမော် ဇူလိုင် ၂၆
ဗန်းမော်မြို့တွင် ရောက်ရှိနေသော ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အတူ ခရစ်ယာန်သာသနာပြုကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်းပြီး မနောကွင်းနှင့် မနောကွင်းမုခ်ဦး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နံနက် ၈ နာရီတွင် ညောင်ပင်ရပ်ကွက် ရောဘတ် KBC မိဘမဲ့ဂေဟာရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အလှူငွေများ ထောက်ပံ့ လှူဒါန်းခြင်း နှင့် မိဘမဲ့ဂေဟာမှ ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ (၃)ဦးအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ပေါက်ကုန်း ရပ်ကွက် RC ခရစ်ယာန် သာသနာပြု သီလရှင်ကျောင်း၌ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရ သည်။
ထိုမှတစ်ဆင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၂)မိုင်အောင်သာရပ်ကွက်တွင် တည်ဆောက်လျက်ရှိသော ကချင်တိုင်းရင်းသားများ၏ မနောကွင်းနှင့် မနောကွင်းမုခ်ဦးကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မနောကွင်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မနောကွင်းအား ဖွင့်လှစ်ရန် လျာထားသတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ရေးနှင့် တည်ဆောက်ဆဲကာလအတွင်း ကြုံတွေ့ရသည့် အခက်အခဲများကို ကော်မတီအလိုက် ရှင်းလင်းတင်ပြကြရန်နှင့် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း အဘက်ဘက်မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ရန် အမှာစကားပြောကြားသည်။ ယင်းနောက် ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လုလဝေါမ်နှင့် ကော်မတီ ဥက္ကဋ္ဌများက မနောကွင်း တည်ဆောက်နေမှုအခြေအနေများကို မြေပုံကားချပ်နှင့် တကွ ရှင်းလင်းတင်ပြပြီး ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က မနောကွင်း တည်ဆောက်နေမှုနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ဖြည့်စွက်တင်ပြရာ တိုင်းရင်းသားရေးဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် မနောကွင်းနှင့် မုခ်ဦးဆောက်လုပ်နေမှု မြေပြင်အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်