မူဆယ်မြို့၊ ဝါတွင်းကာလ (၄၄)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မူဆယ် ဇူလိုင် ၂၆

ဝါတွင်း(၃)လအချိန်အခါသမယတွင် ဗုဒ္ဓဘာသာတို့၏ဓလေ့ထုံးတမ်းအစဉ်အလာအရ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရွှေသမင်ကျောင်း၊ နန္ဒဝန်ဓမ္မာရုံတွင် ဇူလိုင်လ(၂၁)ရက်မှ စ၍ ဇူလိုင်လ (၂၅)ရက်နေ့ အထိ (၅)ရက်တိုင်တိုင် (၄၄)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မူဆယ်မြို့နယ်အတွင်း ဘုန်းတော် ကြီးကျောင်းပေါင်း(၁၀၈)ကျောင်းမှ ဆရာတော်၊သံဃာတော်များက ဩကာသကန်တော့ချိုးဖြင့် (၃)ကြိမ် ရွက်ဆိုပြီး ပဋ္ဌာန်းပွဲသို့ တက်ရောက်လာသော စေတနာ့ရှင်၊ အလှူရှင်များနှင့် တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များက ငါးပါးသီလခံယူဆောက်တည်တော်မူခဲ့ကြသည်။ အဆိုပါ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ဝါကွင်းကာလအတွင်း ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ် အတွင်းရှိ ဆွမ်းအလှူရှင်များ၊ပန်းအလှူရှင်များနှင့် ဆီမီးအလှူရှင်များဖြင့် (၅)ရက်တိတိ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး နေ့/ည အလှည့်ကျ ဘုန်းတော်ကြီးများ က ပဋ္ဌာန်းပါဠိတော်များကို ရွက်ဖတ် ပူဇော်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ယမန်နေ့ ဇူလိုင်လ(၂၅)ရက်နေ့ တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပပြုလုပ်ခြင်းနှင့်အတူ မူဆယ်မြို့နယ်အတွင်း အသက်အရွယ်ကြီးရင့်သော ဘုန်းတော်ကြီး များအား သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)