မန့်ဟီးရိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးမွေးမြူရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး မိုးစပါး စိုက်ပျိုးပြီးစီးပြီဖြစ်၍ မိသားစု စားသောက်ရန်နှင့် တခြားသောမြို့နယ်များသို့ လက်လီလက်ကားရောင်းချရန် ရာသီတိုသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကာ စိုက်ပျိုးစရိတ်သက်သာသော ရုံးပတီသီးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။
ရုံးပတီသီးတွင် ပါဝင်သောအချွဲတတ်များကြောင့် လူတစ်ယောက်တွင် လိုအပ်သော ရိုးတွင်းချဉ် ဆီကို ပြန်လည်ဖြည့်တင်းပေးပြီး ကျန်းမာရေးအတွက် ကောင်းမွန်သော စားသုံးသင့်သည့် ဟင်းသီး ဟင်းရွက် ဖြစ်ပါသည်။ ရုံးပတီပင်ကို မြေဆွထွန်ယက်ကာ အစေ့ကို ပက်ကြဲစိုက်ပျိုးနိုင်ပြီး ရာသီဉတု ဒဏ်ခံနိုင်လျက် ပျက်စီးဆုံးရှုံးမှု နည်းပါးသောကြောင့် ဒေသခံတိုင်းရင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်ကာ မိသားစုလောက်ငှအောင် စားသောက်နိုင်သည့်အပြင် လက်လီလက်ကား ရောင်းချနိုင်ရန်အထိ တိုးချဲ့စိုက်ပျိုး လာကြပါသည်။ ရုံးပတီပင်သည် အပင်ပေါက်ဘဝမှ (၄၅) ရက်ကျော်လျှင် စတင်ခူးဆွတ်စားသုံးနိုင်ပြီး မန့်ဟီးရိုးမြို့၊ငါးရက်တစ်ကြိမ်-ဈေးနှင့် မြစ်ဆိပ်ဈေး တို့တွင် ရုံးပတီသီး တစ်ကျင်လျှင် မြန်မာကျပ်ငွေ (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အခြားသော မြို့နယ်ဈေးများသို့ လက်လီလက်ကား ရောင်းချနိုင်ရန်အတွက် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုး လာကြောင်း သိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)