လှိုင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား/ သူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀နာရီက၊ အ.မ.က ၁၄ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ကျောင်းသား/ သူ (၉၁)ဦးထိုးနှံပြီး ဖြစ်ကြောင်းနှင့်ကျန်ရှိနေသော ကျောင်းသား/ သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။