ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် လူထုဟောပြောနည်း သင်တန်း ဖွင့်လှစ်

ဘားအံ ဇူလိုင် ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နည်းစနစ်တကျ ဟောပြောနိုင်ရေးအတွက် လူထုဟောပြောနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စတင်၍ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း  သိရှိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ဟောပြောခြင်း၏ လုပ်ငန်းစနစ်၊ ပန်းတိုင်သတ်မှတ်ခြင်း၊ ကြိုတင်လေ့လာခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ဟောပြောချက် တည်ဆောက်ခြင်းများကိုလည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌ ဦးသောင်းထွန်းက ဟောပြောရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များ၊ စကားပြော ကောင်းသူဖြစ်စေရန် လိုက်နာရမည့်အချက် (၇) ကို လည်းကောင်း ပို့ချပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ စင်ကြောက်စိတ်ပယ်ဖျောက်နည်း၊ လေသံဟန်ပန်နှင့် ဌာနကရိုဏ်းကျနမှု၊ ဟန်ပန် အမူအရာ၊ စကားပြောနည်းများ၊ စကားပြောသူ၏ ကျင့်ဝတ်များ၊ စကားပြောရန် ပြင်ဆင်မှုများနှင့် စကားနှင့် ဆိုင်ရာမှတ်ဖွယ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၃) ရက်တာ ကာလဖြစ်ပြီး ခရိုင်/မြို့နယ်/မြို့ရုံးများမှ သင်တန်းသား/သင်တန်းသူ (၂၁) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)